Are Mobile Devs Still Safe in the AI era?
Introduction
ဒီကိစ္စက ကျွန်တော့်တစ်ကိုယ်ရည်အမြင်ဖြစ်တဲ့အတွက် ဒီအတိုင်း အမြင်တစ်မျိုးရအောင်ရေးပေးတာပါ ဒီအတိုင်းလို့ လှေနံဓားထစ်မမှတ်ဘဲနဲ့ ကျွန်တော့် view point လို့ပဲ မြင်ပေးပါ
Mobile မှာ native သမားတွေနဲ့ cross-platform ရယ်လို့မခွဲဘဲ ခြုံပြောပါမယ်။ Safe ဖြစ်လားဆိုတော့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိ claude model တွေကတင် တော်တော်လေး capable ဖြစ်နေပြီး ကောင်းကောင်းခိုင်းတတ်ရင် လူကဝင်ပြင်ခိုင်းရတဲ့နေရာတော်တော်နည်းပါတယ် project ရဲ့ context ကို grasp လုပ်တာမှာလည်း တိကျသေချာပြီး skill တွေပေးထားရင် ကောင်းကောင်းကြီးအလုပ်လုပ်နိုင်ပါတယ်။
Do we still need App?
နောက်တစ်ချက်ကလည်း app တွေမလိုတော့ဘူး AI ကို တိုက်ရိုက်ခေါ်ပြီးလုပ်ခိုင်းလို့ရတယ်ဆိုတာ မှန်သင့်သလောက်တော့မှန်တယ် ဥပမာ အရင်က background ဖျောက်တာတို့ နောက်ကလူဖျောက်တာတို့ကို app သုံးရပေမယ့် အခု Ai ကို chat interface ကနေပဲခိုင်းလို့ရတာမျိုး နောက်တစ်ခါ စာအုပ်တွေမဖတ်နိုင်လို့ summarise လုပ်တာကို app တွေသုံးရပေမယ့် အခု AI က same chat interface ကနေပဲ conversation နဲ့ အဲ့လိုကိစ္စတွေကိုတစ်နေရာတည်းလုပ်နိုင်တော့ app တွေလိုမှာမဟုတ်တော့ဘူးဆိုတဲ့အယူအဆက မှန်သယောင်ရှိတယ် ဒါပေမယ့် ကုမ္ပဏီအပေါ်လည်းမူတည်သေးတယ် ကိုယ့်ကုမ္ပဏီက ပစ္စည်းတွေကို mobile app ကနေ တင်ရောင်းနေတာမျိုး ဒါမှမဟုတ် social media platform လုပ်နေတာ ဒါမှမဟုတ်လဲ mobile wallet လုပ်နေတာ ဒီလိုမျိုး ကိုယ့်ရဲ့ physical service ကိုမှ digital နည်းပညာသုံးပြီး enahnce လုပ်နေတာမျိုးဆို app ကတော့ လိုနေဦးမှာပဲလို့မြင်တယ်
အဲ့တော့ mobile app လိုတာကတစ်ပိုင်း အဲ့ app အတွက် developer တွေဘယ်လောက်လိုမလဲကတစ်ပိုင်းပေါ့ developer တွေအရင်ကလောက်မလိုတော့မှာကတော့ အသေအချာပဲ senior+ level (ပြောချင်တာက IC ဘက်ကိုခြေတစ်လှမ်းလှမ်းနေတဲ့သူမျိုး) တစ်ယောက်လောက်နဲ့ကို drive လို့ရနေတဲ့ပုံစံလို့မြင်တယ် debatable တော့ဖြစ်မှာပေါ့ feature တွေရဲ့ complexity ဖြစ်တာအပေါ်မူတည်ပြီး လူပိုလိုတာလည်းဖြစ်နိုင်တာကိုး ဒါပေမယ့် မြင်ယောင်ကြည့်လို့ရတယ် အရင်က ငါးယောက်လိုရင် အခုနှစ်ယောက်သုံးယောက်လောက်နဲ့သွားလို့ရတယ်
What can we do
ပြောချင်တာက အဲ့လိုအခြေအနေမှာ တင်ကျန်အောင် ဘာလုပ်ရမလဲပေါ့ ကျွန်တော့်အမြင်ကိုပြောတာနော် ဟိုဘက်က ပိုက်ဆံမတတ်နိုင်လို့ ဘတ်ဂျက်လျှော့မယ် တစ်ခြားနေရာပိုသုံးမယ်ဆို ပြုတ်မှာပဲ ဒါပေမယ့် ကိုယ်ဘာလုပ်နိုင်လဲပေါ့ ပထမတစ်ချက် ကျွန်တော်မြင်တာ mobile က consumer facing product ဖြစ်တဲ့အတွက် product oriented ဖြစ်ဖို့လိုတယ်။ ဒီ UI ရေးဆို မြန်မြန်ပြီးအောင်ရေးလိုက်တာပဲဆိုတာမျိုးက သိပ်အလုပ်မဖြစ်ဘူး ကိုယ် commit လုပ်ထားတဲ့ target date အတိုင်း မှန်မှန် deliver လုပ်နေရမှာပေမယ့် ဒါပေး ဒါလုပ် ဘာမှမစဥ်းစားတာမျိုးကို ကျွန်တော်သိပ်မကြိုက်ဘူး UI ပေးလိုက်ပြီ ဒီ feature က ဘာလုပ်ချင်တာလဲ ဘာကြောင့်လိုတာလဲ ဒီကောင်ကနေ bussiness ကို revenue ကို ဘယ်လို drive မှာလဲ ဒါတွေကိုစဥ်းစားသင့်တယ် အကြံပေးစရာရှိရင်ပေးသင့်တယ် ဥပမာ native experience မဟုတ်တဲ့ flow လာရင် ဒါလေးကတော့ ဒီလိုဆို သက်ဆိုင်ရာ platform ရဲ့ look & feel နဲ့ consistent ပိုဖြစ်တယ် ဒါလေးကတော့ app တော်တော်များများမှာ ဒီလိုလုပ်ကြတယ် စသဖြင့် feedback ပေးနိုင်ရင် ကိုယ့်ကုမ္ပဏီအပေါ်လည်းမူတည်ပေမယ့် healthy ဖြစ်တဲ့ cutlure တွေကတော့ အမြဲ welcome ဖြစ်တယ်လို့ကျွန်တော်ထင်တယ်
နောက်တစ်ချက်က release plan ကိုယ်က feature တစ်ခုလုပ်လိုက်ပြီ လူဆိုတာ အမှားမကင်းဘူး ဒီ feature ကို monitor လုပ်နေရမယ် ဒီကောင်ကို release လုပ်လိုက်လို့ crash spike တွေတက်လာတာ တစ်ချို့နေရာတွေမှာ user interaction ကျနေတာ ဒါတွေကိုကြည့်နေပြီး minimum tolerance bar ထားထားရမယ် အဲ့အောက်ကျတာနဲ့ ဒီ feature ကို rollback ပြန်လုပ်သင့်လုပ်ရမယ် ပြီးမှ ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတာကို investigatte လုပ်ပေါ့ နောက် rollout A/B strategy တွေ တစ်ခါတည်း အကုန်လုံးကိုပေးမှာလား ရာခိုင်နှုန်းနဲ့ random သွားမလား ကိုယ့် long term user တွေကိုအရင်ပေးမလား demographic အပေါ်မူတည်ပြီး segmentation လုပ်မလား ပြောချင်တာက AI ကို feature ရေးခိုင်းရင် code ပဲရေးပေးမှာ ကိုယ်မမေးသမျှ အဲ့တာတွေသူပြောမှာမဟုတ်ဘူး ကိုယ်က ဒီလိုကိစ္စတွေကို အစကနေ အဆုံးထိ ဒေါင့်စုံအောင်တွေးပြီး ကိုယ့် business goal နဲ့ impact ကို balance လုပ်ပြီး အမြဲထောက်ပြပေးနေရင် ကိုယ်ကပိုပြီး business နဲ့ tightly integrated ဖြစ်လာတဲ့အတွက် လွယ်လွယ်လွှတ်ပစ်လို့မရဘူးလို့ ကျွန်တော်ထင်တယ်ပေါ့ဗျာ ဒါကလဲ ပြောခဲ့သလို နောက်ကွာတားအတွက် ဘတ်ဂျက်မရှိဘူးဆိုရင်တော့ operation အကုန်ရပ်ရမယ့်အစား ကိုယ့်ကိုဖြုတ်ရမှာပဲ ဒါတော့မတတ်နိုင်ဘူး
Language ကလည်းအရေးပါတယ် သက်ဆိုင်ရာနိုင်ငံအလိုက် စကားကောင်းကောင်းမပြောနိုင်ရင် ကိုယ့်စကားမပေါက်ရင် ဘာမှလုပ်လို့မရဘူး ရှုပ်ထွေးတဲ့ကိစ္စတွေကို ရှင်းရှင်းလင်းလင်း လူတိုင်းနားလည်အောင် ပြောတတ်ဆိုတတ်ဖို့က အခုနောက်ပိုင်း ပိုပြီး technical ထက်အရေးပါတယ်ဆိုတာသိလာတယ် communication လစ်ရင် ဘယ်လောက်တော်တော် အထက်က visibility မရှိဘူး မရှိရင် ကိုယ့် idea ကို acknowledge မဖြစ်ဘူး မဖြစ်တော့ ကျန်တာအကုန်လစ်ရောပဲ ကိုယ့် team မှာ အဲ့လိုအားနည်းတဲ့သူပါရင်လဲ credit ဝင်မယူဘဲ nuture လုပ် တွဲခေါ် သူပြောတာမရှင်းရင် clarify လုပ်ပေး သဟဇာတဖြစ်အောင်နေတာအကောင်းဆုံးပဲ
နောက်ဆုံးအချက်က native ပဲဖြစ်ဖြစ် corss platform ပဲဖြစ်ဖြစ် ကိုယ်နဲ့ same level က platform တစ်ခုခုကိုထပ်လေ့လာထားသင့်တယ် android ဆို iOS, cross-platform တစ်ခုခုကို လေ့လာထားနိုင်တာက big plus ပဲ အလုပ်ခေါ်စာတွေမှာ နောက်ပိုင်းအဲ့လိုတွေပိုတွေ့လာတယ် အနည်းဆုံးတော့ ကိုယ်က သူတို့ရဲ့အလုပ်လုပ်ပုံကို knowledgable ဖြစ်နေတာက တစ်ခြား candidate တွေထက် နှာတစ်ဖျားသာတယ်ပေါ့ဗျာ
ဒါက လက်ရှိအလုပ်လုပ်နေတဲ့သူတွေနဲ့ စီနီယာဖြစ်မယ့်သူတွေ စီနီယာဖြစ်နေတဲ့သူတွေအတွက်ပြောတာပါ စီနီယာဆိုလို့ပြောရဦးမယ် ကိုယ်က စီနီယာဖြစ်ရင် ပိုက်ဆံပိုရလို့သာ expectation ပိုမြင့်လာလို့သာ ရုံးကစီနီယာခေါ်နေတာ တစ်ကယ်က နောက်ပေါက်လဲ ကိုယ့်ထက်လက်စောင်းထက်တာတွေ ရှိတာပဲ ရာထူးအပေါ်ဖက်တွယ်ပြီးဖီးမတက်ပါနဲ့ အကုန်လုံးကအလုပ်သမားတွေပဲ ကိုယ်တစ်ကယ်တတ်မှ အလုပ်ဖြစ်တာ ရာထူးဆိုတာ လစာတိုးဖို့အတွက်သာကောင်းတာ lol
အခုမှစလုပ်မယ့်သူတွေကတော့ ဒါကြီးကြည့်ပြီး အားမငယ်ပါနဲ့ ကိုယ်လုပ်စရာရှိတာဆက်လုပ်ပါ အမြဲပြင်ဆင်နေပြီး ကြိုးစားနေရင် တစ်ခုခုတော့ဖြစ်သွားပါလိမ့်မယ်
Until next time!
Comments are powered by Giscus (GitHub Discussions). Loading them fetches resources from GitHub.