Skip to main content

Tools that I use as a developer for productivity

Tools that I use as a developer for productivity
Photo by Julian Hochgesang on Unsplash

ဒီနှစ်ပိုင်း အလုပ်များတာနဲ့ ကိုယ့်အတွက်အချိန်ပေးဖြစ်တာနဲ့ ဘာမှသိပ်မရေးဖြစ် မတင်ဖြစ်တာကြာပါပြီ အခုမှပြန်ပေါ်လာတော့ ပုံမှန်တင်မလားဆိုတာတော့ မသေချာဘူးပေါ့ ဒီနေ့ စိတ်ကူးပေါက်လို့ ကျွန်တော်နေ့စဥ် developer ဘဝမှာ အသုံးဝင်တယ်ထင်တဲ့ macos productivity tool (free guys, 100% free) တွေကို ပြောပြပေးချင်ပါတယ်

Shottr

Cleanshot သုံးဖူးရင် ဒီကောင်ကအတူတူလောက်သွားကျတယ် ပိုက်ဆံမပေးရတာတစ်ခုပဲ သူက screenshot ကိုမှ အထာကျကျ စက်ဝိုင်းနဲ့ဝိုင်းပြတာ စာထည့်တာ အလွယ်တကူလုပ်လို့ရတယ် ကိုယ်ရိုက်လိုက်တဲ့ကောင်က အမြဲ sticky ဖြစ်နေတော့ ပျောက်သွားလို့လိုက်ရှာရမှာ စိတ်မပူရဘူး pasteboard ထဲ auto ထည့်ထားရင် တန်းပြီး cmd v နဲ့ paste ရုံပဲ

Espanso

ဒီကောင်ကတော့ ကိုယ်အသုံးများတဲ့ text snippet တွေကို save လုပ်ထားပေးတာ ဥပမာ :lgtm လို့ရိုက်လိုက်ရင် “look good to me” လို့ အလိုလျှောက်ပြောင်းပေးသွားတယ် config က yml နဲ့ package တွေလည်းရှိပြီး dynamic placeholder တွေဘာတွေ လုပ်လို့ရတော့ dev တွေ ကလိလို့ကောင်းတယ် ကျွန်တော်ရုံးမှာသုံးနေကျ common phrase တွေ sentence structure တွေကို ဒီကောင်နဲ့ save ထားတော့ စာရိုက်ရင် အစအဆုံးရိုက်စရာမလိုဘူး မြန်တာပေါ့ သုံးတတ်ရင်သုံးတတ်သလို အသုံးတွင်တယ်

BetterDisplay

ကျွန်တော်ကတော့ free plan နဲ့သုံးနေတာ အခုထိအဆင်ပြေနေသေးတယ် ကျွန်တော့်လို့ dual monitor သုံးတဲ့သူတွေအတွက် external monitor ရဲ့ brightness ကို ကိုယ့် mac ကနေပဲ adjust လုပ်လို့ရတယ် လက်ရှိ active ဖြစ်နေတဲ့ device ရဲ့ brightness ကို adjust လုပ်ပေးသွားတာ

HammerSpoon

Mac automation လုပ်တဲ့ကောင် config က lua နဲ့ရေးထားတာ လွယ်တယ် မရေးတတ်လည်း AI ရေးခိုင်းလို့ရတယ် ဘာလုပ်လို့ရလဲဆို macOS app တစ်ခုချင်းစီကို hot key နဲ့ ကိုယ်ခိုင်းချင်တာခိုင်းလို့ရတယ် ကျွန်တော်ဆို ဘာတွေသုံးလဲဆိုတော့ iOS simulator ကို stay on top enable/disable ကို toggle လုပ်တဲ့ hot key ထားထားတယ် ဆိုတော့ တစ်ခါတလေကိုယ်ကအမြဲ simulator ကို float နေစေချင်တဲ့အခါ shortcut နဲ့လွယ်လွယ်ကူကူလုပ်လို့ရတာပေါ့ နောက်တစ်ခါ laptop နဲ့ external monitor ကို hot key နဲ့ active လုပ်တာမျိုး ဥပမာ အခုလက်ရှိ active က laptop ဆို hot key နှိပ်ရင် external monitor နောက်တစ်ခါထပ်နှိပ်ရင် laptop ကိုပြန် focus မဟုတ်ရင် mouse ကိုင်နေရမှာ မကြိုက်လို့

Lazygit

Git client က GUI မသုံးဘဲ CLI သုံးနေတာကြာပြီ lazygit က တော်တော်လေးအလုပ်လုပ်ရမြန်တယ် vim motion ရရင်ပိုအဆင်ပြေတယ် နောက် custom diff pager တွေဘာတွေထည့်လိုက်ရင် ရှယ်ပဲ git worktree ဘာညာသုံးရင်လဲ lazygit က ကောင်းကောင်း visualise လုပ်ပေးနိုင်တယ် ဒီအကြောင်းက အကျယ်ရှင်းရင် post နောက်တစ်ခုဖြစ်မှာမို့လို့ဒီလောက်နဲ့ထားလိုက်မယ်

Gh dash

Lazygit နဲ့တွဲသုံးဖြစ်တာကတော့ GH dash ပဲ ထုံးစံအတိုင်း PR review တာတွေအတွက်က github web ui မသုံးဘဲ terminal ကနေပဲ တစ်နေရာတည်းကနေအကုန်ရလို့အဆင်ပြေတယ် နောက် PR fiilter တာကို custom tab တွေ config ရေးထားလို့ရတယ်

Raycast

အခုထိ free plan ပဲ အားလုံးလဲသိလောက်မှာပေမယ့် raycast မှာ custom plugin တွေထည့်ထားလို့ရတော့ jira ticket ကို JQL နဲ့ရှာတာတို့ color picker ထည့်ထားတာတို့ အကုန်သုံးလို့အဆင်ပြေတယ်

Maestro Studio

Develop လုပ်နေတဲ့အချိန် tedious ဖြစ်တဲ့ workflow တွေ interaction တွေကို ဒီကောင်နဲ့ setup လုပ်ထားရင် ကိုယ်ကထိုင်ကြည့်နေရုံပဲ local machine မှာလဲ run လို့ရတယ် android/mobile web ကိုလဲ ရှဲသုံးလို့ရတယ် အလွယ်ပြောရရင်တော့ UI Testing သဘောမျိုးပဲ appium ထက်သုံးရပိုလွယ်လို့ ဒါလေးသုံးဖြစ်တယ်

Aerospace

Window manager အနေနဲ့က ဒီကောင်မဆိုးဘူး အခုနောက်ပိုင်း raycast က left/right comand နဲ့ hammerspoon မှာ custom layout configure ချထားတော့ သိပ်တောင်မသုံးဖြစ်တော့ဘူး

Ghosty

Termainl က အရင်ကတော့ iTerm2 သုံးပေမယ့် Mitchell Hashimoto ကိုသဘောကျတော့ သူအဲ့တာလုပ်တာနဲ့ နောက်လူပြောလဲများလာတော့ပြောင်းလိုက်တာ မဆိုးပါဘူး performance က heavy user မဟုတ်တော့ သိပ်တော့မသိသာဘူး

Television

ဒီ CLI လေးလဲမဆိုးဘူး file တွေ code တွေ ရှာရတာ တော်တော်လေးမြန်တယ် ကိုယ့်ဘာကိုယ် ဘယ် file ထဲရှာရမှန်းမသိတောင် အစလေးရရင် တော်တော်လေးရှာပေးနိုင်တယ်

Until next time!